ပျောက်ဆုံးသွားသော Mi ဖုန်းကိုပြန်လည်ရှာဖွေနည်း
Myanmar Mi Fan အတော်များများသိပြီးသားဖြစ်ပေမယ့် အခုမှ Mi စတင်အသုံးပြုတဲ့ Member တွေအတွက်ရည်ရွယ်ရေးသားလိုက်ပါတယ်ဗျာ…..ဆက်လက်ဖတ်ရှုပါရန်….
Requirement
၁. Mi Account ၁ ခု ( ပြန်လည်ရှာဖွေနိုင်ရန်အတွက် မိမိ device တွင် Log in ၀င်ထားရန် )
၂. ပြန်ရှာဖို့အတွက် အင်တာနက်သုံးလို့ရတဲ့ Smart phone တစ်လုံး ( laptop ဆိုပိုကောင်းပါသည် )
၃. ပျောက်ဆုံးသွားသော ဖုန်း contact list ထဲတွင်မပါ၀င်သောဖုန်းနံပါတ်တစ်ခု
ပျောက်ဆုံးသွားသော Mi ဖုန်းကိုပြန်လည်ရှာဖွေနိုင်ရန်အတွက်
Configure ပြုလုပ်ပုံ
Setting > Accounts > Mi Account နေရာမှာ Log in ၀င်ထားပါ။ Log in ပြုလုပ်ပြီးပါက Setting > Accounts > Mi Account > Mi Cloud သို့၀င်ပါ။ထို့နောက်အောက်ဆုံး Additional Setting မှ Find Device ဆိုတာလေးကို ON ပေးထားပါ။ ဖြည့်စွက်အဆင့်အနေဖြင့် contacts, sms, cloud photos, call log, recorder, အစရှိသည်တို့ကို စိတ်တိုင်းကျ ON/OFF ပြုလုပ်ထားနိုင်ပါသည်။
ပြန်လည်ရှာဖွေခြင်း
ရှေးဦးစွာ browser ထဲမှ i.mi.com သို့သွားပါ။ တရုတ်စာမဖတ်တတ်ပါက English သို့ပြောင်းလဲရန် အောက်ဖက်ရှိ English ဆိုတာလေးကိုနှိပ်ပါ။ မိမိ Mi account ကို Log in ၀င်ပါ။ ထို့နောက် find device သို့သွားပါ။ offline ဖြစ်နေပါက ဆက်လက်ရှာဖွေနိုင်မည်မဟုတ်ပဲ online ဖြစ်လာမည့်အချိန်ကို မကြာမကြာ၀င်ရောက်စစ်ဆေးပါ။ Online ဖြစ်လာသောအခါ လက်၀ယ်ကိုင်ဆောင်ထားသူ၏ phone no ပေါ်လာပါလိမ့်မည်။ အထူးသတိပြုရန်မှာ ထိုဖုန်းကို ချက်ချင်း သွားမဆက်မိဖို့ပါပဲ။ ထို့နောက်ပုံတွင်ပြထားသည့်အတွက် Locate ဆိုတာလေးကို နှိပ်ပါ။ website မှ သင့်ဖုန်းအားပြန်လည်ရှာဖွေနေသည်ကို ခဏစောင့်ပါ။ ရှာဖွေပြီးပါက ထို location အား screen shot ရိုက်ပြီး save လုပ်ထားပါ။ ထို့နောက်ထိုနေရာသို့ မြန်နိုင်သမျှမြန်မြန်ရောက်အောင်သွားပါ။ အဖော်ခေါ်သွားပါ။ ထိုနေရာသို့ရောက်သည့်အချိန်ထိ ဖုန်းမှဆက်လက် online ဖြစ်နေပါက Lock ကိုနှိပ်ပါ။ ထို့နောက် alarm ကိုနှိပ်ပါ။ အသံလာရာကို ၁ မိနစ်ခန့်လိုက်လံရှာဖွေပါ။ လုံး၀မတွေ့ရှိခဲ့ပါက အစောက ပေါ်နေခဲ့သော လက်၀ယ်ကိုင်ဆောင်ထားသူ၏ ဖုန်းနံပါတ်အား မိမိ ဖုန်း၏ contact စာရင်းထားတွင်မမှတ်ထားသောဖုန်းတစ်လုံးနှင့် ဆက်ပြီးအကျိုးအကြောင်းပြောပြပြီးပြန်တောင်းပါ။ ( မိမိ ၏ ကွန့်မြူးမှုကိုလိုက်ပြီး လက်၀ယ်ကိုင်ဆောင်သူ၏ ဖုန်းနံပါတ်ကို viber ထဲ ထည့်ပြီး ထိုသူ၏ရုပ်ပုံကိုပုံဖော်ကြည့်ခြင်း ၊ cloud photos ထဲမှ ပုံများကို download ပြုလုပ်ပြီးရှာဖွေခြင်းတို့လည်းပြုလုပ်နိုင်ပါသေးသည်။ )
တွေ့ရှိပြီးပြန်မပေးက ချော့တောင်းပါ။ တစ်ဆက်တည်းမှာပင်မိမိနှင့်အဖော်ပါလာသူများအားထိုသူ၏မျက်နှာကိုမှတ်သားခိုင်းပါ။ မိမိတို့ပြောဆိုသောစကားများနှင့် ဖုန်းပြောဆိုမှုအားလုံးကို recording ပြုလုပ်ထားပါ။ လုံး၀မရမှသာ သက်ဆိုင်ရာကိုအကြောင်းကြားပါ။
ကိုယ်တွေ့အဖြစ်အပျက် true story လေးကို ပြန်လည်ဝေမျှပေးလိုက်တာပါ…..
Mi ကို ချစ်တဲ့ fan အားလုံး ချစ်သော Mi လေးတွေနဲ့ ပျော်ရွှင်စရာ အချိန်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေဗျာ။
#ဆော့ဝဲနှင့်နည်းပညာ
Comments
Post a Comment