xiaomi ဖုန်းတွေမှာ ဖုန်းနှစ်လုံး ပုံစံ နှစ်ဖက်သုံးနည်း
#MIUI 8 ကတည်းကပါလာတာဆိုပေမယ့်
မသိသေးတဲ့လူကများပါတယ်
#MIUI 8 မှ စတင်ပါဝင်လာတဲ့ Second Space Feature အသုံပြုနည်းလေးတင်ပေးလိုက်ပါတယ်
ဖုန်တစ်လုံးထဲမှာ အကောင့်နှစ်ခုခွဲထားပြီး Device နှစ်ခု အသုံးပြုသလိုမျိုး သက်ရောက်တဲ့
ဒီ Second Space Feature လေးမှာတော့ သီးသန့် Photos/ Videos/ Apps .. တွေနဲ့အတူ
Mi Account နောက်တစ်ခုကိုပါ အသစ် ထပ်မံဖွင့်ကာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
ဒီ Feature လေးကို အသုံးပြုလိုပါက
- Setttings >
Second space > Special features
Second space > Turn on Second space
> Continue
အဆင့်ဆင့်
ပြုလုပ်ပေးပီး Password ကိုလည်း နှစ်သက်ရာ ပေးလိုက်ပါ။ လက်ဗွေထားလဲရပါတယ်
#Second space ပြုလုပ်အောင်မြင်ပြီးပါက Swith icon လေးကို တွေ့နိုင်ပြီး
ထို Icon မှ တဆင့် ပထမ First space ကို ပြန်လည် သွားရောက်နိုင်ပါမယ်။
#Second space ထဲမှာ မိမိ အသုံးပြုချင်တဲ့ (သို့) မည်သူမှမသိစေလိုတဲ့
Photos/ Videos တွေအား သိမ်းဆည်းနိုင်သလို Apps တွေကို ထည့်သွင်း
အသုံးပြုနိုင်မှာဖြစ်ပါတယ်။
First space ထဲရှိ Data များအား Second space ထဲသို့ ရွေ့ပြောင်းသိမ်းဆည်း
ထားလိုပါက Settings >Special features
Second space > Move data
စသဖြင့် ဝင်ရောက်ကာ
ပြုလုပ်နိုင်ပါတယ်။
#Second space ပြန်ဖျက်ချင်ရင်
ဖုန်းရဲ့ ပထမ First space ကို ချိန်းပါ။ Settings > Special features > Second space > ညာဘက်အပေါ်ထောင့်ရှိ
အမှိုက်ပုံးပုံလေးကိုနှိပ်ပြီး Delete ကိုရွေးချယ်လိုက်ပါ
အဆင်ပြေပါစေ
ဆော့ဝဲ နှင့် နည်းပညာ
Comments
Post a Comment